top of page
သောတာပန်နိယာမအဌကထာ(ခ)
ပစ္စုပ္ပန်တည့်တည့်ကသောတာပန်(၉၉)ပြါး

သောတာပန်နိယာမအဌကထာ(ခ)ပစ္စုပ္ပန် တည့်တည့်က သောတာပန်(၉၉)ပြါးတရားတော်ကိုသင်ယူသူများလွယ်ကူ

လျှင်မြန်စွာသဘောပေါက်နားလည်စေဖို့ညွှန်းတမ်း..။

အပိုင်း(၁ မှ ၂၃)အထိရှိတဲ့သည်တရားတော်မြတ်ဟာ..၊

ပုဂ္ဂိုလ်စရိုက်၊အကြိုက်လိုက်ပြီး၊ ငဲ့ပြီး ဟောကြားခဲ့ရခြင်း.၊

မဟုတ်ပဲ၊ပုထုဇဥ်ဒွိဟိတ်၊တိဟိတ်မှအစ၊ပကတိ၊မဟာသောတာပန်အလယ်၊အဓိပတိသောတာပန်အဆုံးအထိ..၊

သောတာပန်တရားအားလုံးကိုအစိုးရတဲ့ကျမ်းဦးအဖြစ်ပြုစုရေးသား၊ဟောကြားထားရတာဖြစ်တဲ့အတွက်အချို့သောသူတော်ကောင်းတွေအတွက်လေ့လာသင်ယူဖို့အခက်အခဲရှိ

နိုင်ပါတယ်။

ဒါကြောင့်ပိုမိုလွယ်ကူစွာသင်ယူတတ်မြောက်စေဖို့အတွက်

သည်ညွှန်းတမ်းလေးကိုမျှဝေလ်ုက်ပါတယ်။

.(၁)သောတာပန်သစ္စာ(၁)ပါး၊(၄)ပါးအပြားရဲ့သဘောကို

အရင်ဆုံးသိထားကြရအောင်အပိုင်း(၆. ၊၇.၊ ၈)ကိုနာယူထား

ကြပါ။

.(၂).ကျင့်နည်းသဘောတရားများအားလုံးကိုသိနားလည်

ထားကြရအောင်၊အပိုင်း(၁၃၊၁၄၊၁၅၊၁၆၊၁၇)တို့ကိုနာယူပြီး၊

မိမိနှစ်သက်တဲ့၊ကိုက်ညီနိုင်မယ့်ကျင့်နည်းကမ္မဌာန်း(၁)ခု

ကို၊ကိုယ်တိုင်ရွှေးချယ်ပြီးကျင့်ပါ။

.(၃).စ..တင်ကျင့်ကြံအားထုတ်လိုက်တာနှင့်၊ပစ္စုပ္ပန်

တည့်တည့်မှာအချိန်မခြားပဲ(အကာလိကော)ဘယ်လိုအကျိုး

ကျေးဇူးတွေခံစားနေရသလဲဆိုတာသိပြီးသဒ္ဓါတရားပိုမိုတိုးပွါးလာအောင်အပိုင်း(၁၂)ကိုနာယူထားကြပါ။

.(၄)ကျင့်ကြံအားထုတ်နေစဥ်မှာအတွင်း၊အပြင်ခန္ဓာကပြလာတော့မယ့်ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေအပေါ်မှာ၊သံသယနှင့်

လမ်းမလွဲသွားစေဖို့၊ဆုံးဖြတ်ချက်လမ်းမမှားစေဖို့၊ဉာဏ်

ပညာအထောက်အပံ့ဖြစ်ပြီးလမ်းမှန်စေဖို့(၉၊၁၀၊၁၁)

တို့ကိုနာကြားမှတ်သားသင်ယူထားကြပါ။

သည်မျှဆိုလျှင်..၊အပ္ပဏိဟိတဝိမောက္ခမဂ်ဉာဏ်ကိုရတဲ့

ပကတိသောတာပန်ဖြစ်အောင်ကျင့်ကြံအားထုတ်ဖို့အတွက်

ပြည့်စုံလုံလောက်တာထက်နှစ်လေးသာနေပါပြီ။

ပကတိသောတာပန်တွေဟာပါဠိအက္ခရာနှင့်အနက်မပါပဲ

ပရမတ္ထသဘာဝအနက်နှင့်အသိဉာဏ်အနက်(၂)ပါးသာပြည့်စုံကြပါတယ်။

.(၅).အဲ့သည်ကမှတဆင့်အနိမိတ္တဝိမောက္ခမဂ်ဉာဏ်ကိုရတဲ့

မဟာသောတာပန် အဆင့်ကိုတက်လှမ်းချင်တဲ့စိတ်ကလေး

များဖြစ်ပေါ်လာကြရင်တော့၊စောစောကကိုယ်ပိုင်ဉာဏ်နှင့်ထိုးထွင်းသိထားပြီးတဲ့ပရမတ္ထသဘာဝအနက်နှင့်အသိဉာဏ်

အနက်တို့ကို၊မြတ်ဘုရားဟောကြားခဲ့တဲ့ဒေသနာတော်လာ၊

ပါဠိအက္ခရာနှင့်အနက်တွဲပြီး၊နက်(၄)ဖြာစုံအောင်ထိုးထွင်းသိကြရပါမယ်။

ဒါကြောင့်မဟာတက်ချင်တဲ့သူတော်ကောင်းတွေကအပိုင်း

.(၃၊၄၊၅)ကိုနာယူပြီး၊အပ္ပဏိဟိတဝိမောက္ခမဂ်ဉာဏ်ကိုအကြိမ်ကြိမ်ဝင်စားပြီး၊ခန္ဓာဉာဏ်တိုက်လို့အထပ်ထပ်ထိုးထွင်းဆင်ချင်ကြရပါမယ်။

.(၆)ကိုယ့်ကိုယ်ကိုမဟာသောတာပန်ဖြစ်မဖြစ်တိုက်ဆိုင်စစ်

ဆေးဖို့အတွက်၊အပိုင်း(၁၈)ကိုနာယူထားကြပါ။အပိုင်း(၁၈)

မှာဟောပြထားတဲ့တရားအကျဥ်းကိုပစ္စုပ္ပန်စေတနာစိတ်

တစ်လုံးဖြစ်လိုက်တိုင်းမှာကိုယ်ပိုင်ဉာဏ်နှင့်ထိုးထွင်းသိပြီဆိုရင်မဟာသောတာပန်အငယ်ဖြစ်ပါပြီ။

.(၇)အဲ့သည်ကမှတဆင့်သစ္စာ(၄)ပါး(၁၆)ပါးအပြားကို

ရှုမြင်(ဒဿန)နိုင်တဲ့၊သောတာပန်တရားအားလုံးကိုအစိုးရ

တဲ့ဉာဏ်ပညာ၊သုညတဝိမောက္ခမဂ်ဉာဏ်ကိုရတဲ့

အဓိပတိသောတာပန် ကိုတက်ချင်တဲ့စိတ်ကလေးများဖြစ်

ပေါ်လာကြရင်တော့အပိုင်း(၁၉၊၂၀၊၂၁)တို့ကိုနာယူပြီး၊

အနိမိတ္တဝိမောက္ခမဂ်ဉာဏ်ကိုအထပ်ထပ်ဝင်စားပြီး၊ခန္ဓာဉဏ်တိုက်လို့အကြိမ်ကြိမ်ထိုးထွင်းဆင်ချင်ပါ။

.(၈)ကိုယ့်ကိုယ်ကိုအဓိပတိသောတာပန်ဖြစ်မဖြစ်တိုက်ဆိုင်

စစ်ဆေးဖို့အတွက်အပိုင်း(၂၂၊၂၃)တို့ကိုနာယူထားကြပါ။

.(၂၂ ၊ ၂၃)မှာဟောပြထားတဲ့တရားအကျဥ်းကို၊ကိုယ်ပိုင်ဉာဏ်နှင့်ထိုးထွင်းသိကြပြီဆိုပါကအဓိပတိသောတာပန်အငယ်ဖြစ်ကြပါ

ပြီ။

အဓိပတိသောတာပန် အကြီးကတော့ပိဋကတ်(၃)ပုံ

အာဂုံဆောင်မှရနိုင်ကြပါတယ်။

မည်သို့ပင်ဆိုစေကာမူ..၊အကြားအမြင်များပြီးဆရားအရွှေး

မမှားကြရအောင်တရားတော်အစအဆုံး(၁ မှ ၂၃)ထိ ကိုနာကြားထားသင့်ပါကြောင်းတိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

အလိုရှိတဲ့အခါအသိဉာဏ်ပိုင်းဆိုင်ရာပညာများကို၊

အများနှင့်မတူ၊လွယ်ကူလျှင်မြန်တဲ့အကျိုးတရားကိုဖြစ်စေဖို့အတွက်၊သည်တရားတော်များကိုအများလည်းသိကြပါစေဆိုတဲ့ထက်သန်တဲ့စေတနာနှင့်မျှဝေခြင်းအကြောင်းကိုပြုစုပျိုးထောင်ကြပြီးမြတ်ဗုဒ္ဓရဲ့သာသနာ့တာဝန်ကိုတတ်နိုင်သ

လောက်ထမ်းရွက်ကြပါလို့....

အတိတ်သံသရာအစဥ်အဆက်ဆက်မှအစပြုပြီးယခုဘဝပစ္စုပ္ပန်ကာလအထိဆွမ်း၊သင်္ကန်း၊ကျောင်း၊ဆေး၊ပစ္စည်း(၄)ပါး

တို့ကိုထောက်ပံ့ပြုစုပေးခဲ့ကြတဲ့ဒကာ၊ဒကာမများအားလုံး၊

ဆွေတော်ရှစ်သောင်းမျိုးတော်အပေါင်းတို့အားလုံး၊ပြည့်စုံ

ချမ်းသာကြပါစေ။

.

 

3636

37 Comments

5 Shares

Like

Comment

Share

  • home-icon-vector
  • Facebook

© 2021 by dhamma-retreats 

bottom of page